အိမ်မဲ မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂) ကျောင်း၏ ပညာ့ဗိမာန်ခန်းမတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းရုံး (ပုသိမ်)မှ တာဝန်ရှိသူများက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ က ကျင်းပခဲ့သည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ ဒေါက်တာမန်းမောင်မောင်စိုးတို့က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြို့နယ်ကရင်တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုအသင်းတို့အား ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတိုင်းရုံး (ပုသိမ်)မှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းခေါင်းစဥ်ဖြင့် အကျယ်တဝင့်ဟောပြောခဲ့ပြီး အဆိုပါဟောပြောပွဲသို့ စုစုပေါင်းလူဦးရေ (၃၀၀) ကျော် တက်ရောက်ခဲ့ကြောင်းနှင့် ထိုကဲ့သို့ဟောပြောပွဲများ ပြုလုပ်ပေးခြင်းကြောင့် ပြည်သူများအနေဖြင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)