မိုးနဲ မတ် ၂၁
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားသော ပဲပုပ်နှင့်ကြက်သွန်ဖြူစိုက်ခင်းများ ပိုးမွှားကျရောက်မှုမရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများက နမ့်မော်ဆွမ့်နှင့် ဝမ်ဟေကျေးရွာရှိ ဆောင်းသီးနှံ ပဲပုပ်နှင့်ကြက်သွန်ဖြူစိုက်ပျိုးသူ တောင်သူနှင့်အတူ စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ရိတ်သိမ်းချိန်နီးလာပြီဖြစ်သည့်အတွက် ရောဂါနှင့်ပိုးမွှားများ မကျရောက်စေရေးနှင့် ရိတ်သိမ်းချိန်တွင် အမိုးအကာအောက်သို့ ရောက်ရှိရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း၊ မိုးနဲမြို့နယ်တွင် ဆောင်းသီးနှံ ပဲပုပ် ၂၁၆၄ ဧက နှင့် ကြက်သွန်ဖြူ ၈၈၉ ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)