သံဖြူဇရပ်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆို

သံဖြူဇရပ် မတ် ၁၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒပညာရပ်ကို မတ် ၁၇ ရက်နေ့နံနက် ၉ နာရီ အချိန်မှစတင်၍ အေးချမ်းစွာဖြင့် သံဖြူဇရပ်မြို့ အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(ကျိုက္ခမီ)၊ အ.ထ.က(ကျုံကဒတ်)စာစစ်ဌာနတို့တွင်ဆက်လက်ဖြေဆိုလျက်ရှိသည်။

သံဖြူဇရပ်မြို့နယ်၏ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုလျက်ရှိရာ၊ ဇီဝဗေဒဘာသာရပ်တွင် ဖြေဆိုရန်စာရင်းသွင်းထားသူ (၃၈၀) ဦး ရှိပြီး၊ ဝင်ရောက်ဖြေဆိုသူ (၃၆၆)ဦးရှိရာ၊ ပျက်ကွက်သူ(၁၄) ဦးရှိသဖြင့် ဖြေဆိုမှု (၉၆.၃၂) ရာခိုင်နှုန်းနှင့် ဘောဂဗေဒဘာသာရပ်တွင် ဖြေဆိုရန်စာရင်းသွင်းထားသူ(၈၀၆)ဦး၊ ဖြေဆိုသူ(၇၇၅)ဦးဖြစ်ပြီး၊ ပျက်ကွက်သူ(၃၁)ဦးရှိသဖြင့် (၉၆.၁၅)ရာခိုင်နှူန်း ဖြေဆိုလျက်ရှိပါကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များမှ ကြီးကြပ်၍ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ ပြည်သူ့စစ်၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျောင်းအကျိုးတော်ဆောင်များက ပူးပေါင်း၍ လုံခြုံရေးတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိသဖြင့် စာစစ်ဌာန(၄)ခုတွင် ကျောင်းသား/ သူများ စိတ်အေးချမ်းမြေ့စွာ ဖြေဆိုလျက်ရှိကြောင်းနှင့် စာမေးပွဲဖြေဆိုသည့် ကျောင်းသား/ ကျောင်းသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ ရေသန့်ဘူးများနှင့် အချိုရေများပေးဝေခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)