သံဖြူဇရပ်၌ နွေရာသီရေပေးဝေရေးလုပ်ငန်း စတင်ဆောင်ရွက်

သံဖြူဇရပ် မတ် ၁၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မတ် ၁၆ ရက်နေ့မှစတင်၍ သောက်သုံးရေရှားပါးသည့် ရပ်ကွက်/ ကျေးရွာများသို့ နွေရာသီ​ရေ​ပေး​ဝေ​ရေးလုပ်ငန်းစတင်​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါရေပေးဝေခြင်းလုပ်ငန်းကို သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်၊ ခလရ (၃၁) တပ်မြေအတွင်းရှိ (၄")အဝီစိတွင်း​နေရာတွင် ၂၀၂၆ ခုနှစ်အတွက်မြို့နယ်အ​ထောက်အကူပြု​ကော်မတီအဖွဲ့၏ ကြီးကြပ်​ဆောင်ရွက်မှုဖြင့်၊ မွန်ပြည်နယ်အစိုးရအဖွဲ့က​ပေးအပ်ထား​သည့်စက်သုံးဆီများဖြင့် မြို့​ရေ​ပေး​ဝေ​ရေးလုပ်ငန်းများ၊ စတင်​ဆောင်ရွက်ရာ၊ သံဖြူဇရပ် တပ်နယ်မှူး၊ ဗိုလ်မှူးချုပ်ထွန်းနိုင်ဦး၊ မြို့နယ်အုပ်ချုပ်​ရေးမှုး ဦးအောင်မိုးလွင်၊ မြို့အထောက်အကူပြုအဖွဲ့ဝင်များ၊ ​ရေး​ပေး​​ဝေ​ရေးလုပ်ငန်း​ဆောင်ရွက်သူများမှ ဆောင်ရွက်ခဲ့ရာ တပ်နယ်မှူးမှ လိုအပ်သည်များ ကိုမှာကြား​ပေါင်းစပ်​​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)