မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၅၂)နှစ်မြောက်မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် မတ် ၁၈

(၅၂)နှစ်မြောက်မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ် ၁၅ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ငန်းတေးဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက်အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

ထို့နောက် အမျိုးသားပြိုင်ပွဲတွင်ဆုရရှိကြသူများ၊ အမျိုးသမီးပြိုင်ပွဲတွင်ဆုရရှိကြသူများ၊ တန်းလိုက်ပြိုင်ပွဲတွင်ဆုရရှိကြသူများနှင့် ရိုက်ချက်အလိုက် အကောင်းဆုံး ဂေါက်သီးရိုက်အားကစားသမားဆုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

(၅၂)နှစ်မြောက်မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို မတ် ၁၅ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကွင်း၌ စတင်ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်မှ ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အားကစားသမား (၂၅၀) ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌  ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်နေ့သည် "ရာမည" ခေါ် မွန်ဒေသ၊ တစ်နည်းအားဖြင့် မွန်ပြည်နယ်အတွင်း နေထိုင်ကြသော ပြည်နယ်သူ/ပြည်နယ်သားများ၏ အထိမ်းအမှတ်နေ့တစ်နေ့ဖြစ်ကြောင်း၊ ၁၉၇၄ ခုနှစ်ကတည်းက သတ်မှတ်ကျင်းပခဲ့သော ပြည်နယ်နေ့အထိမ်းအမှတ်များကို နှစ်စဉ်ကျင်းပပြုလုပ် ခဲ့သည်မှ ၁၉.၃.၂၀၂၆ရက်နေ့တွင် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်သို့ ရောက်ရှိေတမေည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအသီးသီးမှ အလေးအနက်ထား ကြိုးစားဆောင်ရွက် ပေးစေလိုကြောင်း၊ အထိမ်းအမှတ် ပြခန်းများ ခင်းကျင်းပြသရာတွင် ကဏ္ဍကြီး(၆)ခုအလိုက် စုံလင်စွာဖြင့် ခင်းကျင်းပြသသွားရန်နှင့် ဒေသ၏ Food Mark ဖြစ်သည့် အစားအစာများ၊ Land Mark ဖြစ်သည့် အသုံးအဆောင်များ၊ ထွက်ကုန်များအစရှိသဖြင့် စုံစုံလင်လင် ပြည့်ပြည့်စုံစုံ ထည့်သွင်းခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်ပေးစလိုကြာင်း ပြောကြားသည်။

ထို့နောက် အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဝင်များက (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)