ကြံခင်းမြို့နယ်အတွင်းရှိ စက်မှုစိုက်ပျိုးမွေးမြူရေး စာစစ်ဌာန(၁)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၅၄)ဦး ဝင်ရောက်ဖြေဆိုပြီးစီး

ကြံခင်း မတ် ၁

ဧရာဝတီတိုင်း​​ဒေသကြီး၊ ကြံခင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်စက်မှုစိုက်ပျိုး မွေးမြူရေးစာစစ်ဌာန(ချင်းမြောင်)၌ ယနေ့နံနက် ၉ နာရီမှစ၍ မြို့ပြပုံဆွဲ၊ အခြေခံပရိုဂရမ်မိတ်ဆက်၊ စက်မှုပုံဆွဲဘာသာရပ်တို့အား ကျောင်းသား၊ ကျောင်းသူ (၅၄) ဦး ရာခိုင်နှုန်းအားဖြင့် ၉၈.၁၈ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ  ဆရာ၊  ဆရာမများက  ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲ ဖြေဆိုခွင့်ကတ်များ မှန်/ မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။ စက်မှုစိုက်ပျိုးမွေးမြူရေးစာစစ် ဌာန၌ သက်ဆိုင်ရာဘာသာရပ်များအား စာရင်းရှိ  ၅၅ ဦး ၊ ဝင်ရောက်ဖြေဆိုသူ ကျား ၄၇ ဦး၊ မ ဦး၊ စုစုပေါင်း ၅၄ ဦး၊ ပျက်ကွက် ၁ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး မှ သိရသည်။

ထိုသို့တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေး ချမ်းသာစွာဖြင့်ဝင်ရောက်ဖြေဆိုနိုင်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(ပလကဖ)တို့က ကျောင်းဝင်း အတွင်းနှင့်အပြင်များတွင် စနစ်တကျကြီးကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရှိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)