ဒေးဒရဲ မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ(နောက်ဆုံးနေ့)အဖြစ် မြို့ပြပုံဆွဲ/ အခြေခံပရိုဂရမ်မိတ်ဆက်နှင့် စက်မှုပုံဆွဲဘာသာရပ်များကို ယနေ့နံနက် (၉) နာရီကစတင်၍ အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းစာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိသည်။
ဒေးဒရဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲအား အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း စာစစ်ဌာနတွင် စက်မှု အထူးပြုကျောင်းသား (၅၂) ဦး၊ ကျောင်းသူ (၁၇) ဦး၊ စုစုပေါင်း (၆၉) ဦးက မြို့ပြပုံဆွဲ၊ အခြေခံပရိုဂရမ်မိတ်ဆက်နှင့် စက်မှုပုံဆွဲဘာသာရပ်များကို ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုပြီးစီးရေး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းက အဖွဲ့များက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးရေးနှင့် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း