ဓနုဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်) ကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို

ဓနုဖြူ မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်)ကို ယနေ့မတ်လ ၁၇ ရက်နေ့ နံနက်၉နာရီအချိန်က‌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။

အဆိုပါ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရာစာစစ်ဌာနများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးလှဌေးနှင့် တာဝန်ရှိသူများမှ နေ့စဥ်လှည့်လည်ကြည့်ရှုစစ်ဆေးပြီး၊ စာမေးပွဲဖြေဆိုစဥ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပူပေါင်းပါဝင်ဆောင်ရွက် ပေးလျက်ရှိ​ကြောင်းသိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)