ပြည်ကြီးတံခွန် မတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ယနေ့နံနက်ပိုင်းကစတင်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို Grade-12 ကျောင်းသား၊ ကျောင်းသူများက ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့အား အေးချမ်းစွာ ဆက်လက် ဖြေဆိုလျက်ရှိသည်။
အဆိုပါ ဖြေဆိုရာတွင် ပြည်ကြီးတံခွန်မြို့နယ်အတွင်း၌ အ.ထ.က(၂၇)၊ အ.ထ.က(၂၉)နှင့် အ.ထ.က(၃၂) စာစစ်ဌာန သုံးခုရှိပြီး ဇီဝဗေဒဘာသာရပ် စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂၃၆ ဦးရှိပြီး ပျက်ကွက်စာရင်း စုစုပေါင်း ၈၃ ဦး၊ ဖြေဆိုသည့် ရာခိုင်နှုန်း ၉၃ ဒဿမ ၂၈ရာခိုင်နှုန်းနှင့် ဘောဂဗေဒဘာသာရပ် စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၉၃ ဦးရှိပြီး ပျက်ကွက်စာရင်း စုစုပေါင်း ၅၁ဦးနှင့် ဖြေဆိုသည့် ရာခိုင်နှုန်း ၉၂ ဒဿမ ၀၈ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)