ရေစကြိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများကို အအေးဘူးနှင့်မုန့်များ ဝေငှ‌ပေး

ရေစကြို မတ် ၁၇

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ရေစကြိုမြို့၊ အ.ထ.က(၁)စာစစ်ဌာန၌ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့၊ နံနက် ၉ နာရီအချိန်က ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆို‌ခဲ့ကြောင်းသိရသည်။

ရေစကြိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၃၁၈)ဦးရှိရာ စုစုပေါင်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ (၃၀၃)ဦးရှိပြီး စာမေးပွဲဖြေဆိုရန်ပျက်ကွက်သူ(၁၅)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှသိရသည်။

ထို့နောက် စာမေးပွဲဖြေဆိုပြီးချိန်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူ (၃၀၃)ဦးအား အအေးဘူးနှင့်မုန့်များ ဝေငှ‌ပေးခဲ့ကြောင်း သိရသည်။ 

ဝေဇင်မို့(ရေစကြို)