သာစည်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များ အေးချမ်းစွာဆက်လက် ဖြေဆို

သာစည် မတ် ၁၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ်တို့ ကို ယနေ့နံနက် ၉ နာရီက စာစစ်ဌာနငါးခုတွင် အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

သာစည်မြို့နယ်စာစစ်ဌာနငါးခု၌ ဇီဝဗေဒဘာသာရပ်တွင် ကျောင်းအတွင်းအပြင် စုစုပေါင်းဖြေဆိုမည့်သူ ၅၈၄ ဦးရှိရာ ၅၇၂ ဦးဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်သူ ၁၂ ဦး၊ ဖြေဆိုရာခိုင်နှုန်း ၉၇ ဒသမ ၉၅ ဖြစ်ကြောင်းနှင့် ဘောဂဗေဒ ဘာသာရပ်တွင် ကျောင်းအတွင်းအပြင် စုစုပေါင်းဖြေဆိုမည့်သူ ၁၀၅၅ ဦးရှိရာ ၁၀၁၄ ဦးဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်သူ ၄၁ ဦး၊ ဖြေဆိုရာခိုင်နှုန်း ၉၆ ဒသမ ၁၁ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်ပြန်/ဆက်