အမရပူရ မတ် ၁၇
မြန်မာနိုင်ငံတစ်ဝန်းလုံး အတိုင်းအတာဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်က စတင်ဖြေဆိုခဲ့ရာ ယနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒစဘာသာရပ်များကို အမရပူရမြို့နယ်အတွင်းရှိ ယန္တရားအခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန ၂ ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၀ ဒသမ ၅၈ ရာခိုင်နှုန်း လာရောက်ဖြေဆိုခဲ့သည်။
အဆိုပါစာစစ်ဌာန၊ ၂ ခုတွင် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဖြေဆိုရန်စာရင်းပေးထားသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၁၃ ဦးရှိရာ ယနေ့ ဇီဝဗေဒဘာသာရပ်တွင် လာရောက်ဖြေဆိုသူ စုစုပေါင်း ၇၆၈ ဦးနှင့် ဘောဂဗေဒဘာသာရပ်တွင်လာရောက်ဖြေဆိုသူ ၅၉ ဦးရှိပြီး ယနေ့ချိန်ထိပျက်ကွက် ကျောင်းသား ၈၆ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
စိုးသီဟ(အမရ)