ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မီး‌ဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်

ပြည်ကြီးတံခွန် မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ ခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယနေ့နံနက်ပိုင်းက စတင်၍ မီးဘေးကြိုတင် ကာကွယ်ရေး စစ်ဆေး ဆောင်ရွက်ခဲ့သည်။

ယင်း စစ်ဆေးဆောင်ရွက်ရာတွင် ပြည်ကြီးတံခွန်မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်ကျော် ဦး ဦးဆောင်၍ သန္ဓေ ၅ ဦးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ၀န်ထမ်းများနှင့် မိသားစု၀င်များပူးပေါင်းကာ အထွေထွေအုပ်ချုပ်ရေးရုံး၀န်းအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ 191 report applicationအား ထည့်သွင်းပေးခြင်းနှင့် ဟောပြောသရုပ်ပြများပြုလုပ်ခဲ့ပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေမီးသတ်ဆေးဘူးများ  ပြည့်စုံစွာထားရှိစေရေး မှာကြားခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်(ခရိုင်၊ ပြန်/ဆက်)