စဉ့်ကိုင်မြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ဆဌမနေ့) ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့တွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးစီး

စဉ့်ကိုင် မတ် ၁၇

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ မတ် ၁၁ ရက်မှစတင်ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာနသုံးခု၌ မတ် ၁၇ ရက် နံနက်ပိုင်းက  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ(ဆဌမ‌နေ့) ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့တွင် ကျောင်းသား/ကျောင်းသူ  အေးချမ်းစွာ  ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အနေဖြင့်  စာစစ်ဌာနသုံးခု၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ (ဆဌမနေ့) ဇီဝဗေဒဘာသာရပ်တွင် ဖြေဆိုရန် စာရင်းသွင်းထားရှိသူဦးရေ ၁၀၀၉ဦးရှိပြီး ၉၈၇ ဦး‌ ဝင်ရောက်ဖြေဆိုကာ ၂၂ ဦးပျက်ကွက်ခဲ့‌ကြောင်း၊ ဘောဂဗေဒဘာသာရပ်တွင် ဖြေဆိုရန် စာရင်းသွင်းထားရှိသူဦးရေ ၇၂၇ ဦးရှိပြီး ၆၈၅ ဦးဝင်‌ရောက်ဖြေဆိုကာ ၄၂ ဦး‌ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်စွာ (စဉ့်ကိုင်)