ညောင်တုန်းမြို့၌ အသိပညာ ပေးဟောပြောပွဲကျင်းပ

ညောင်တုန်း မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့တွင် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက်ရှိ ကိုယ်အားကိုကိုးမူလတန်းကြိုကျောင်၌ ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က ကလေးငယ်များအား လိမ္မာယဉ်ကျေးစေရန်အတွက် ယဉ်ကျေးမှုအခြေခံများကိုဟောပြောခဲ့ပြီး မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဒေါ်‌နွယ်နီမြင့်က သဘာဝဘေးအမျိုးအစားများ၊ ငလျင်‌ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်လှုပ်နေစဉ်တွင် လိုက်နာရမည့်အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်ဘေး အန္တရာယ်အတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးအကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)