တောင်သာမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းမြေ့စွာဖြင့် ရူပဗေဒဘာသာရပ်နှင့်သမိုင်းဘာသာရပ် ဖြေဆို

တောင်သာ မတ် ၁၆

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းမြေ့စွာဖြင့် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်အား ယနေ့နံနက် ၉ နာရီမှစ၍ စာစစ် ဌာန ၄ ခုဖြင့်စီစဉ် ကျင်းပကြောင်း သိရသည်။

တောင်သာမြို့နယ်တွင် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြရာ စာစစ်ဌာန၄ခုဖြစ်သည့် အ.ထ.က တောင်သာ၊ အ.ထ.က ဝဲလောင်၊ အ.ထ.ကဇဂျမ်း၊ အ.ထ.က ကျောဇီတို့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် စာရင်းရှိ ကျောင်းသား ၂၃၆ ဦး၊ ကျောင်းသူ ၄၃၉ ဦး စုစုပေါင်း ၆၇၅ ဦးရှိပြီး၊ ပျက်ကွက်သူ ကျောင်းသား ၁၈ ၊ကျောင်သူ ၁၉ ဦး၊စုစုပေါင်း ၃၇ ဦး၊ ဖြေဆိုသူကျောင်းသား ၂၁၈ ဦး၊ ကျောင်းသူ ၄၂၀ စုစုပေါင်းကျောင်းသား/ကျောင်းသူ ၆၃၈ ဦး၊ ၉၄ဒမ၅၂ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)