ကျောက်ဆည် မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန ၅ ခု၌ ရူပဘာသာရပ်နှင့် သမိုင်းဘာသာရပ်များတွင် ကျောင်းသား/ကျောင်းသူ ၂၀၃၄ ဦး အေးချမ်းစွာ ဖြေဆိုကြောင်း သိရှိရသည်။
ထိုသို့ဖြေဆိုရာ၌ အထက(၁)စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ ၆၃၂ ဦး၊ အထက(၂)စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ ၅၃၄ ဦး၊ အထက(၃)စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ ၃၆၉ ဦး၊ အထက မင်းစု စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ ၂၁၁ ဦး၊ အထက သံရွာ စာစစ်ဌာနတွင် ကျောင်းသား/ ကျောင်းသူ ၂၈၈ ဦး စုစုပေါင်း ၂၀၃၄ ဦး ဖြေဆိုခဲ့ကြောင်းသိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်စာဖြေပွဲ ရူပ၊ သမိုင်းဘာသာရပ် ဖြေဆိုရာ၌ စာရင်းရှိ ကျောင်းသား၊ကျောင်းသူ ၂၁၆၄ ဦး၊ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ ၂၀၃၄ ဦး၊ ဖြေဆိုပျက်ကွက် ကျောင်းသား၊ကျောင်းသူ ၁၃၀ ဦးရှိကြောင်း၊ ဖြေဆိုရာခိုင်နှုန်း ၉၃ ဒသမ ၉၉ ရာခိုင်နှုန်းနှင့် ပျက်ကွက်ရာခိုင်နှုန်း ၆ ဒသမ ၀၁ ရာခိုင်နှုန်း ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်မောင်(ကျောက်ဆည်)