မြစ်သားမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်လက်မှတ်နှင့်စာအောင်ဆုချီးမြှင့်ခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

မြစ်သား မတ် ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရ ပါဠိပထမပြန် စာမေးပွဲအောင်လက်မှတ်နှင့်စာအောင် ဆုချီးမြှင့်ခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက  ရွှေမု‌ဋ္ဌေဘုရားဝန်း အတွင်းရှိ နန်းအိမ်သူဓမ္မဗိမာန်၌ ကျင်းပသည်။

အခမ်းအနားတွင် မင်းကုန်းပရိယတ္တိစာသင်တိုက် မြို့နယ်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တဃောသိတ မဟာထေရ်မှ သရဏဂုံနှင့်ငါးပါးသီလများချီးမြှင့်တော်မူသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲ‌ရေးးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က သာသနာရေး ဆိုင်ရာများကို လျှောက်ထားသည်။

အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်လက်မှတ်နှင့် စာအောင်ဆုချီးမြှင့်ခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌဦးမင်းအောင်နှင့်အဖွဲ့ဝင်များက စာအောင်သံဃာ၊ ကျောင်းသားများနှင့်အလှူရှင်များအား အောင်လက် မှတ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။  ဆက်လက်၍ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ မြစ်ဆုံကြီးပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တပုည မဟာထေရ်မှ  လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်းသိရသည်။

ဝါဝါမြင့် (မြစ်သား)