ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြန်မာ့သိုင်း သင်တန်းဆင်းပွဲ ကျင်းပ

ရမည်းသင်း မတ်   ၁၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍မြန်မာ့သိုင်းသင်တန်းဆင်းပွဲကို ယနေ့ ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်​ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ လူငယ်များ ခန္ဓာကိုယ်ကျန်း မာကြံ့ခိုင်စေရန်နှင့်ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်၊ လူရွယ်များဖြစ် လာစေရန်ရည်ရွယ်၍ မြန်မာ့သိုင်းသင်တန်းကိုဖွင့်လှစ်ခဲ့ပါကြောင်း၊ (၅)ရက်တာသင်တန်းကို ပြီးမြောက်အောင်တက်ရောက်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြားကာ သင်တန်းနည်းစနစ်မှူး ဒေါ်ဝင်းသိင်္ဂီကျော်အား နည်းပြဂါရဝလက်ဆောင် ပေးအပ်သည်။

အဆိုပါသင်တန်းကို  သင်တန်းသား၊ သင်တန်းသူ (၃၀)ဖြင့် မတ် ၁၂ ရက်မှ ၁၆ ရက်အထိ  (၅) ရက်ကြာသင်ကြားပေးခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်