အမာ မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ရူပဗေဒဘာသာနှင့် သမိုင်းဘာသာရပ်များကို အ.ထ.က(အမာ) စာစစ်ဌာန၌ ယနေ့ နံနက် ၉ နာရီမှစ၍ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသီဟန်ထွန်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြင်ပစည်း လုံခြုံရေးအဖွဲ့ဖြင့် စောင့်ကြပ်လျက်ရှိပြီး ကျန်းမာရေးဌာနက လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ် များအတွက်လည်း ပြင်ဆင်စောင့်ကြပ်လျက်ရှိသည်။
အမာမြို့၊ စာစစ်ဌာန၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် အမာအထကကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၆၄)ဦး၊ တယ်ပင်ဆိပ်အထကကျောင်းမှ(၃၁)ဦး၊ ပြင်ပဖြေဆိုသူ(၁၁)ဦးရှိရာ စာမေးပွဲဖြေဆိုသူ ကျား(၃၂)ဦး၊ မ(၇၄)ဦး၊ စုစုပေါင်း (၁၀၆)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဖြေဆိုမှု (၉၈.၁၅)ရာခိုင်နှုန်း ရှိကြောင်းနှင့် ပျက်ကွက်သူ (၂ )ဦး ရှိကြောင်း သိရသည်။
အမာ(ပြန်/ဆက်)