ငွေဆောင်မြို့တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပဉ္စမနေ့) ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် ဖြေဆို

ငွေဆောင်မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ (ပဥ္စမနေ့) ရူပ​ဗေဒ ဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ယနေ့နံနက် (၉) နာရီက မြို့အတွင်းရှိ စာစစစ်ဌာန (၂) ခု၌ အေးချမ်းစွာ ဖြေဆိုလျှက်ရှိကြောင်း သိရသည်။

ငွေဆောင်မြို့အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပရာ စာစစ်ဌာန (၂) ခုဖြစ်သော အ.ထ.က (ငွေဆောင်) စာစစ်ဌာနနှင့် အ.ထ.က (သလပ်ခွာ) စာစစ်ဌာန တို့၌ ရူပဗေဒ ဘာသာ ရပ်အား ဝင်ရောက်ဖြေဆိုရန် စာရင်းရှိသူ (၁၆၈) ဦး၊ ဝင်ရောက်ဖြေဆိုသူ (၁၅၂) ဦး၊ သမိုင်းဘာသာရပ်အား ဝင်ရောက်ဖြေဆိုရန် စာရင်းရှိသူ (၆၈)ဦး၊ ဝင်ရောက်ဖြေဆိုသူ (၆၂)ဦး ရှိ ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုလျက်ရှိသော ကျောင်းသား / သူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စာမေးပွဲကြီးကြပ်ရေးဆရာ၊ ဆရာမများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲများနှင့် လူမှုရေးအသင်းအဖွဲ့များမှ အတွင်းစည်း/ အပြင်စည်းလုံခြုံရေးအား နေ့စဉ်တာဝန်ယူစောင့်ကြပ်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်လင်းဦး (ပြန်/ဆက်)