ကန်ကြီးထောင့် မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း စာစစ်ဌာန အပါအဝင် စာစစ်ဌာန (၁၀)ခု၌ ၂၀၂၆ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ပဉ္စမနေ့ (ရူပဗေဒဘာသာရပ်၊ သမိုင်းဘာသာရပ်၊ သီးနှံကာကွယ်ရေး၊ ရေသတ္တဝါ မွေးမြူရေးနှင့် ပျားမွေးမြူရေးဘာသာရပ်)တို့အား ကျောင်းသား/ကျောင်းသူ (၁၂၃၆) ဦး ယနေ့နံနက်ပိုင်းက စတင်၍ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်း ၂၀၂၆ ခုနှစ်၊တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပသည့် စာစစ်ဌာန (၉)ခုဖြစ်သော အ.ထ.က-ကန်ကြီးထောင့်၊ အ.ထ.က(ဒါးက)၊ အ.ထ.က(ကျိုက်လတ်)၊ အ.ထ.က (ဆပ်ကွင်း)၊ အ.ထ.က(တကုန်းကြီး)၊ အ.ထ.က(ကုလားကွင်း)၊ အ.ထ.က(မြင်းကဆိပ်)၊ အ.ထ.က (ကံရွာ) နှင့် အ.ထ.က (ဝဲကြီး) တို့တွင် စာရင်းရှိ ကျောင်းသား/ ကျောင်းသူ(၁၂၈၈) ဦးရှိသည့်အနက် ယနေ့ရူပဗေဒဘာသာရပ်အား ဖြေဆိုသူဦးရေ (၆၉၅) ဦး၊ ပျက်ကွက်သူဦးရေ (၄၄) ဦးရှိပြီး စုစုပေါင်း ဖြေဆိုရာခိုင်နှုန်းမှာ (၉၄.၀၅) ရာခိုင်နှုန်းရှိကြောင်း၊ သမိုင်းဘာသာရပ်ဖြေဆိုသူဦးရေ (၅၀၉)ဦး၊ ပျက်ကွက်သူဦးရေ(၄၀) ဦးရှိပြီး စုစုပေါင်း ဖြေဆိုရာခိုင်နှုန်းမှာ (၉၂.၇၁)ရာခိုင်နှုန်းရှိကြောင်း၊ အလားတူ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း စာစစ်ဌာနတွင်လည်း စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၃၂) ဦးရှိသည့်အနက် ယနေ့ သီးနှံကာကွယ်ရေး၊ ရေသတ္တဝါမွေး မြူရေးနှင့် ပျားမွေးမြူရေးဘာသာရပ်အား ဖြေဆိုသူဦးရေ (၃၂) ဦး၊ ပျက်ကွက်သူမရှိဖြစ်ပြီး စုစုပေါင်း ဖြေဆိုရာခိုင်နှုန်းမှာ (၁၀၀)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပလျက်ရှိသည့် စာစစ်ဌာနများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေကြားနိုင်ရန် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး စာမေးပွဲကြီးကြပ်ရေး ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စာစစ်ဌာနအလိုက် စောင့်ကြပ်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေကြားနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ဇင်စိုး