ဇလွန်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာရပ်များကို ဆက်လက်ဖြေဆို

ဇလွန် မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာရပ်များကို ယနေ့နံနက် ၉ နာရီအချိန်တွင် စာစစ်ဌာန (၁၁) ခုတို့တွင် ဆက်လက်ဖြေဆိုလျက်ရှိသည်။

ဇလွန်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲရူပဗေဒနှင့် သမိုင်းဘာသာရပ်များကို အ.ထ.က (၁) ဇလွန်၊ အ.ထ.ကကျုံရှ စာဖြူစု၊ အ.ထ.ကဒေါင့်ကြီး၊ အ.ထ.ကပျဥ်းမကုန်း၊ အ.ထ.ကရွှေ ကျောင်း၊ အ.ထ.ကမေရီလန်း၊ အ.ထ.ကသပြုကွင်း၊ အ.ထ.က ကော့ကပ်ကြီး၊ အ.ထ.ကရေလဲ၊ အ.ထ.ကဂုံညင်းတန်း၊ အ.ထ.က မြစ်ဝကျောင်း စာစစ်ဌာန(၁၁)ခုတို့တွင် အေးချမ်းစွာ ဆက်လက်ဖြေဆို​လျက်ရှိပြီး ယနေ့ရူပဗေဒဘာသာရပ်ကို ကျား (၁၇၂) ဦး၊ မ (၃၀၀)ဦး စုစုပေါင်း (၄၇၂) ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၂.၇၃) ရာခိုင်နှုန်း၊ သမိုင်းဘာသာရပ်ကို ကျား (၁၇၅) ဦး၊ မ (၁၉၇) ဦး စုစုပေါင်း (၃၇၂) ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၈၈.၅၇ ) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပလျက်ရှိသည့်စာစစ်ဌာနများအား ဇလွန်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေကြားနိုင်ရန် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး စာမေးပွဲကြီးကြပ်ရေး ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စာစစ်ဌာနအလိုက် စောင့်ကြပ်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေကြားနိုင်ရန် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ဝေယံ