မအူပင်မြို့၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်)အားကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို

မအူပင် မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ရူပဗေဒဘာသာရပ်နှင့်သမိုင်းဘာသာရပ်)ကို ယနေ့ မတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီအချိန်က‌ ကျောင်းသား/ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိသည်။

အဆိုပါ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရာစာစစ်ဌာနများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများမှ နေ့စဥ်လှည့်လည်ကြည့်ရှုစစ်ဆေးလျက်ရှိပြီး၊ စာမေးပွဲဖြေဆိုစဥ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိ​ကြောင်းသိရသည်။

 အောင်မြင့်မြတ်