ဘိုကလေးမြို့နယ်တွင် (၂၀၂၆) ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒနှင့် သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို

ဘိုကလေး မတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် (၂၀၂၆) ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား စာစစ်ဌာန()ခုဖြင့် မတ်လ (၁၁)ရက်မှစတင်၍ ကျင်းပဆောင်ရွက်ရာ ယနေ့နံနက် (၉)နာရီ၌ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒနှင့် သမိုင်းဘာသာရပ်အား ဆက်လက်ဖြေဆိုလျက်ရှိသည်။

ဘိုကလေးမြို့နယ်အနေဖြင့် စာစစ်ဌာန()ခုရှိသည့်အနက် စာမေးပွဲဖြေဆိုရန် စာရင်းရှိသူ ကျောင်းသား/သူဦးရေ (၁၆၃၀) ဦးရှိပြီး ယနေ့ရူပဗေဒနှင့် သမိုင်းဘာသာရပ် ဖြေဆိုရာတွင် (၁၅၂၅)ဦးလာရောက်ဖြေဆိုသဖြင့် ပျက်ကွက် (၁၀၅) ဦးရှိကြောင်း၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၃.၅၆) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဘိုကလေးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကျောင်းသား/ သူများ အေးချမ်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနပြင်ပများတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအပါအဝင် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေးဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်းကာ ကြီးကြပ်တာဝန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးစက်