၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရမည်းသင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၂၁၁၃ ဦးဖြေဆို

ရမည်းသင်း မတ် ၁၆

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ်လ ၁၁ ရက်နေ့နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရူပဗေဒဘာသာရပ်ကို ရမည်းသင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန ခုနှစ်နေရာ၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၉၆ ဒသမ ၄၀ ရာခိုင်နှုန်း  ဖြေဆိုခဲ့သည်။

ရမည်းသင်းမြို့နယ်အတွင်း၌ စာစစ်ဌာနစုစုပေါင်းခုနှစ်ခု သတ်မှတ်ထားပြီး တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် စာရင်းရှိကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂,၁၉၂ ဦးရှိရာ လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၁၁၃ ဦး၊ ပျက်ကွက်ကျောင်းသား ၇၉ ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက စာစစ်ဌာန ပတ်ဝန်းကျင်များ၌ ဆူညံသံများမဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများပေးနိုင်ရေးစသည်တို့ကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ရမည်းသင်း)