မကွေးတိုင်းဒေသကြီးတိုင်းဥပဒေချုပ်ရုံး၌ ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်‌ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းနားကျင်းပ

မကွေး မတ် ၁၅

မကွေးတိုင်းဒေသကြီး၊ တိုင်းဥပဒေချုပ်ရုံး၌ ဝန်ထမ်းများအားလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်‌ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ တိုင်းဥပဒေချုပ်ရုံးရှိ ပါမောက္ခဦးလှအောင်ခန်းမ၌ ယမန်နေနံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်း‌ဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ၊ ရုံးအဖွဲ့မှူး၊ ဒုတိယတိုင်း ဒေသကြီးဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၊ လက်ထောက်တိုင်းဒေသကြီး ဥပဒေအရာရှိများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ဦးတင့်ဝေက ဥပဒေရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာစီမံကိန်း ၂၀၂၅-၂၀၂၉ ကို “ပြည်သူ့အတွက် တည်ဆောက်လျှက် ဥပဒေယုံကြည်ချက်” ဟူသည့် မျှော်မှန်းချက်ဖြင့် ပန်းတိုင် ၅ ရပ်ချမှတ်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်အရင်းအမြစ်များဖြစ်သော ဥပဒေရုံးအဆင့်ဆင့်မှ စာရေးဝန်ထမ်းများ၏လုပ်ငန်းစွမ်း ဆောင်ရည်မြှင့်တင်ရေးကိုအလေးထားဆောင်ရွက်ရန် လိုအပ်သဖြင့်ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်လှလှဆွေက ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် ၁/၂၀၂၆ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဝန်ထမ်းများအရည်အ‌သွေးမြှင့်တင်‌ရေးသင်တန်းသို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ခရိုင်ဥပဒေရုံးများနှင့် မြို့နယ်ဥပဒေရုံးများက စာရေးဝန်ထမ်း (၂၀)ဦး တက်ရောက်ခဲ့ပြီး(၂)ရက်ကြာသင်တန်းပို့ချပေးသွားမည့်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)