တိုက်ကြီးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေစဉ် ကာလအတွင်း ယစ်မျိုးဆိုင်များ၊ KTV ဆိုင်များ၊ Bar၊ အနှိပ်ခန်းများ ဖွင့်လှစ်ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

တိုက်ကြီး မတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊  တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ဖွင့်လှစ်ရောင်းချ လျက်ရှိသည့် ယစ်မျိုးဆိုင်များ၊ KTV ဆိုင်များ၊ Bar၊ အနှိပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင်မှု မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဖြိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့်ကာလဖြစ်သော မတ်လ ၁၁ ရက်နေ့မှ မတ်လ ၁၇ ရက်နေ့အထိ တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ ဖွင့်လှစ်လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် ယစ်မျိုးဆိုင်များ၊ KTV ဆိုင်များ၊ Bar၊ အနှိပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင်မှု မရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စည်းကမ်းချက်များ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)