ကျောက်ဆည် မတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ရည်ညွှန်းဈေးဖြင့် စားအုန်းဆီ ၁၀၀ ပိဿာနှင့် အခြေခံစားသောက်ကုန်များအား ကျောက်ဆည်ခရိုင်၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ယနေ့နံနက် ၈ နာရီက ပြည်သူ့သက်သာဈေးဖွင့်လှစ်၌ အခြေခံစားသောက်ကုန်များဖြစ်သည့် အသား၊ ငါးနှင့် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာ၌ စားအုန်းဆီ ပိဿာ ၁၀၀ အား ရည်ညွှန်းဈေးဖြင့်လည်းကောင်း၊ ဝက်သားတစ်ပိဿာငွေ ၂၆၀၀၀ ကျပ်ဖြင့် ၃၅ ပိဿာ၊ အမဲသားတစ်ပိဿာ ငွေ ၂၅၀၀၀ ကျပ်ဖြင့် ၂၅ ပိဿာ၊ ဆိတ်သား တစ်ပိဿာငွေ ၂၈၀၀၀ ကျပ်ဖြင့် ၁၅ ပိဿာ အသီးသီး ရောင်းချပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)