ဒဂုံမြို့သစ်(တောင်ပိုင်း)၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဒဂုံတောင် မတ် ၁၅

နွေရာသီ ကျောင်းပတ်ရက်ကာလတွင်  ရပ်ကွက်အတွင်းရှိ လူငယ်များ အားကစား၌ စိတ်ပါဝင်စားမှု မြင့်မားလာစေရန်နှင့် အားကစားဆိုင်ရာ အခြေခံအသိပညာများ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂၅) ရပ်ကွက်ရှိ မြို့နယ်ဘောလုံးအားကစားကွင်း၌  ယမန်နေ့နံနက်ပိုင်းက အားကစားနှင့်လူငယ်‌ရေးရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲသို့ ရပ်ကွက်အတွင်းရှိ လူငယ်များ၊ အားကစားဝါသနာရှင်များ စုစုပေါင်းအင်အား ၁၅၀ ခန့် တက်ရောက်ခဲ့ကြပြီး ဒဂုံမြို့သစ်(တောင်ပိုင်း) အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါပြုံးသန့်ခိုင်က အားကစား၏ အရေးပါမှု၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝအတွက် အားကစား၏ အခန်းကဏ္ဍ၊ အားကစားလုပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် ဒဏ်ရာရရှိခြင်းမှ ကာကွယ်နိုင်ရေး အသိပညာများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် တက်ရောက်လာသူများအား အားကစား အမျိုးအစား ၅ မျိုးဖြစ်သည့် လက်ဝှေ့၊ကာရာ တေးဒို၊ တိုက်ကွမ်ဒို၊ဖူဆယ်နှင့် ဘောလုံးတို့ကို စနစ်တကျ သင်ကြားလျက်ရှိကြောင်း သိရသည်။

နေမျိုးအောင်