သင်္ဃန်းကျွန်း မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် စီမံကိန်း (၂)ရပ်ကွက် အပိုင်း (၅၊၆၊၇၊၈) သဟပုညကာရီ ဓမ္မာရုံ၌ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာန အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း လုပ်ငန်းအား မတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီက စတင်ဆောင်ရွက်ခဲ့သည်။
တီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်း ဆောင်ရွက်ရာ၌ ဒေါက်တာစောနွဲ့နွဲ့မြင့်၏ ဦးဆောင်မှုဖြင့် ဒေါက်တာရဲမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက တီဘီရောဂါခံစားနေသည့် ဝေဒနာရှင်များအား ခန္ဓာကိုယ်ပေါင်ချိန်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ရောဂါခံစားနေရသည့် အခြေအနေများအား မေးမြန်းဆွေးနွေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်း စသည့်ကိစ္စရပ်များအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)