တိုက်ကြီး မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ယမန်နေ့မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်း၍ လေပွေလှိုင်းတိုက်ခတ်မှုကြောင့် ခုနစ်ကျိုက်အရှေ့ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲပိုင်းက ခုနစ်ကျိုက်အရှေ့ကျေးရွာ၌ မိုးသည်းထန်စွာ ရွာသွန်း၍ လေပွေလှိုင်း တိုက်ခတ်မှုကြောင့် အလျား ၃၂ ပေ၊ အနံ ၂၂ ပေ၊ အမြင့် ၁၅ ပေရှိ ကွန်ကရစ်ခင်း၊ အုတ်ကာ၊ သွပ်မိုး ကျေးလက်ကျန်းမာရေးဌာနခွဲသည် သွပ် ၄၀ ချပ်ခန့် အမိုးများလန်ပျက်စီးပြီး ထုပ်ယောက်ဒိုင်းမြားများနှင့် ကွန်ကရစ်အခင်းများ ကွဲအက်ပျက်စီး ခြင်းများ ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၂၆ သိန်းခန့်နှင့် အဆိုပါ ဖြစ်စဉ်ကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)