မြို့သစ် မတ်၁၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီး အတွင်း အမဲ၊ ဝက်၊ ဆိတ်သားရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ယမန်နေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများက ပြည်သူများဝယ်ယူ စားသုံးနိုင်ရန်အတွက် အမဲသား၊ ဝက်သား၊ ဆိတ်သားဈေးနှုန်းများသတ်မှတ်၍ အသားရောင်းချသည့် ဆိုင်နေရာများတွင်ဗီနိုင်းပိုစတာများဖြင့် ချိတ်ဆွဲထားရှိပြီးဈေးတာဝန်ခံ ဝန်ထမ်းများက စဉ်ဆက်မပြတ် Hand Speaker ဖြင့်ကြေညာပေးလျက်ရှိပြီး ဒေသခံပြည်သူများ အမဲသား၊ ဝက်သားနှင့် ဆိတ်သားများက သတ်သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူစားသုံးနိုင်ရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံပြည်သူတို့ ကျန်းမာရေးနှင့်ညီညွတ်စေရန် မြို့ပေါ်ရှိဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်နေပြည်သူများ၏ စွန့်ပစ်ပစ္စည်းများအား အမှိုက်သိမ်းမော်တော်ယာဥ်ဖြင့် နေ့စဉ်သိမ်းဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူတစ်ဦးထံက သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)