ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး ကျေးလက်လမ်းနှင့် တံတားဖွင့်ပွဲတက်ရောက်

ပုသိမ် မတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (စတုတ္ထနေ့) ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့အား ကျောင်းသား၊ ကျောင်းသူများ  ဖြေဆိုနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (စတုတ္ထနေ့) ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့အား ကျောင်းသား၊ ကျောင်းသူများ  ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့သို့ရောက်ရှိ၍ ကညင်ရေလှောင်တမံစီမံကိန်းဖြင့် အင်္ဂပူမြို့နယ်မှ ကျေးရွာအုပ်စု (၂၂) အုပ်စု၊ မြန်အောင်မြို့နယ်မှ ကျေးရွာအုပ်စု (၁) အုပ်စုရှိ ၂၀၂၆ ခုနှစ်၊ နွေစပါးစိုက်ဧက (၁၃၁၀၃) ဧကအား စိုက်ပျိုးရေပေးဝေနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြံခင်းမြို့နယ်၊ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်) သို့သွားရောက်၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ စက်မှုအထူးပြု ပေါင်းစပ်သိပ္ပံဘာသာရပ်နှင့် စိုက်ပျိုးရေးအထူးပြု သီးနှံထုတ်လုပ်ရေး (၃) ဘာသာတို့အား ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၈၁) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြံခင်းမြို့နယ်၊ ပုသိမ်-မုံရွာ-ဘက်ရဲမြို့ အဝင်လမ်းပေါ်ရှိ တံတားဦးကွန်ကရစ်တံတား အရှည် (၁၀၀) ပေ၊ အကျယ် (၂၀) ပေ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖွင့်လှစ်ပေးပြီး ကြံခင်းမြို့နယ်၊ ဘက်ရဲ(၂)ကျေးရွာအုပ်စု၊ တောင်သူဦးမြင့်အောင်၏ စိုက်ဧက (၃) ဧကတွင် မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးထားသည့် အောင်နိုင်တိုးစပါးမျိုးအား ဓာတ်မြေဩဇာကြဲပက်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ မြန်အောင်မြို့၊ စိန်ဝတ်မှုံ (၁) လမ်းရှိ မင်းစန်းဦး ဆီကြိတ်စက်နှင့် မြန်အောင်မြို့၊ သဘာဝမီးစက်လမ်းရှိ “ကောင်းသန့်”ဆီစက်သို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြန်အောင်မြို့၊ အမှတ် (၄) ရပ်ကွက်၊ ကျောင်းကြီးလမ်း ကွန်ကရစ်ခင်းခြင်း၊ လမ်းအရှည် ၉၇၅‌ ပေ၊ အကျယ် ၂၀ ပေ၊ ထု ၇ လက်မရှိ ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း၊ အင်္ဂပူမြို့၊ သရက်ချောင်းလမ်း လမ်းအရှည် ၄၈၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းဖွင့်ပွဲ ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားသို့လည်းကောင်း၊ အင်္ဂပူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ‌ဆောင်ရွက်သော ပဆင-ဆုံကုန်း-ထန်းပင်ကန်ကွန်ကရစ်လမ်း လမ်းအရှည် ၂ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၇ လက်မ ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း၊ ဟင်္သာတမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ‌ဆောင်ရွက်သော ပဆင-ရုံးတောစု-ဆင်မသေ-ဆင်မသေ (မြောက်)-နင်းဂျမ်းဦးလမ်း ကွန်ကရစ်လမ်း လမ်းအရှည် ၃ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၇ လက်မရှိ ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့‌ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)