ကျိုက်လတ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ် နွေစပါး စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ကျိုက်လတ် မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် တပေတမော့ကျေးရွာအုပ်စုကွင်းအမှတ်(၁၁၉A)၊ ဦးပိုင်အမှတ်(၃၄/၃)ရှိ တောင်သူ ဦး‌နိုင်ဝင်း၏ လယ်မြေတွင် ယမန်နေ့ နံနက်ပိုင်းက နွေစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ နွေစပါး စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်/တိုး/မြင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဖုန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှူး ဦးကျော်သူလင်းနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး New Asia -11 နွေစပါးစံကွက် ရိတ်သိမ်းဆောင်ရွက်ရာ အထွက်နှုန်း ၁၇၈ ဒသမ ၇၂ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်