ပြင်ဦးလွင် မတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် Soft Skillသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြဖြစ်သော Green Challenge Association မှ ဦးအောင်မျိုးပိုင်( Human Resource Management Consultant)က သင်တန်းနှင့်ပတ်သက်သော သုံးသပ်ချက်များအား ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ သင်တန်းတွင် သင်တန်းထူးချွန်ဆု(၁၀)ဆုနှင့် ခေါင်းဆောင်မှုအကောင်းဆုံးဆု (၈)ဆု ရရှိသော ဆုရကျောင်းသား/ကျောင်းသူများအား တာ၀န်ရှိသူများက ဂုဏ်ပြုဆုလက်ဆောင်များနှင့် သင်တန်းဆင်းဂုဏ်ပြုကတ်များအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ Soft Skill သင်တန်းဆင်းပွဲသို့ ပြင်ဦးလွင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများနှင့်တာ၀န်ရှိသူများ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြသည်။
သွေးသွေး (ခရိုင် ပြန်/ဆက်)