မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးဒုတိယညွှန်ကြားရေးမှူးချုပ်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား/သူများအား လှည့်လည်ကြည့်ရှုအားပေး

တံတားဦး မတ် ၁၄

မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းသည် တံတားဦးမြို့နယ်တွင် ကျင်းပလျက်ရှိသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတတိယနေ့ သင်္ချာဘာသာအေးချမ်းစွာဖြေဆိုနေကြသည့် ကျောင်းသား/သူများအား လှည့်လည်ကြည့်ရှုအားပေးကြောင်း သိရသည်။

တံတားဦးမြို့နယ်အနေဖြင့် အ.ထ.က၊ တံတားဦးနှင့် အ.ထ.က၊ ချောင်းခွဟူ၍စာစစ်ဌာန (၂) ခုတွင် ယနေ့နံနက် ၉ နာရီကတံတားဦးမြို့နယ် အ.ထ.က၊ တံတားဦးစာစစ်ဌာနသို့ ရောက်ရှိပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတတိယနေ့ သင်္ချာဘာသာတွင် ဝင်ရောက်ဖြေဆိုသူကျောင်းသား ၂၃၉ ဦး၊ ကျောင်းသူ ၃၆၀ ဦး၊ စုစုပေါင်း ၅၉၉ ဦးရှိပြီးပျက်ကွက် ကျောင်းသား ၂၅ ဦး၊ ကျောင်းသူ ၁၃ ဦး၊ စုစုပေါ်ငး ၃၈ ဦး၊ စာမေးပွဲဖြေဆိုသည့် ရာခိုင်နှုန်း ၉၄ ဒသမ၀၃ရှိကြောင်း တံတားဦးခရိုင် ပညာရေးမှူး ဒေါက်တာသန္တာဆွေမှ ရှင်းလင်းတင်ပြရာဒုတိယညွှန်ကြားရေးမှူးချုပ်မှ  အေးချမ်းစွာဖြေဆိုနေကြသည့် ကျောင်းသား/သူများအားလှည့်လည်ကြည့်ရှုအားပေးပပြီးလိုအပ်သည်များကိုတံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ကျောင်းသား/သူများနေ့စဉ်စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်းတံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများ၊ တံတားဦးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျောင်းပြင်ပလုံခြုံရေးဆိုင်ရာကိစ္စများ၊ လိုအပ်သည်များကိုပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)