ကန်ကြီးထောင့်မြို့နယ်၌ စက်သုံးဆီခြိုးခြံချွေတာရေးနှင့် စုံရက်၊မရက်ခွဲခြားမောင်းနှင်နိုင်ရေး အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ကန်ကြီးထောင့် မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ စက်သုံးဆီခြိုးခြံချွေတာရေးနှင့် စုံရက်၊ မရက်ခွဲခြားမောင်းနှင်နိုင်ရေး အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီမှတာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီမှတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဒါးကကျေးရွာအုပ်စု၊ ဒါးက-အိမ်မဲလမ်းဆုံတွင် မော်တော်ယာဥ်များနှင့် မော်တော်ဆိုင်ကယ်များအား သတ်မှတ် စုံ/မရက်အတိုင်းသွားလာခြင်းရှိ၊ မရှိ၊ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် မော်တော်ယာဥ်၊ မော်တော်ဆိုင်ကယ်များအား စုံ/မ အတိုင်းရောင်းချခြင်းရှိ၊ မရှိ၊ တောင်သူသုံးအတွက် လိုအပ်သောစက်သုံးဆီများ သတ်မှတ်ချက်နှင့်အညီ ရောင်းချပေးခြင်းရှိ၊ မရှိ၊ ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချခြင်းရှိ၊ မရှိနှင့် မလိုလားအပ်သောနေရာများသို့ စက်သုံးဆီများမရောက်ရှိစေရေး ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)