မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မြစ်သား တ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများနှင့် ကျောင်းသား၊ကျောင်းသူများ အသိဉာဏ်ပညာတိုးပွားစေရန်ရည်ရွယ်၍ တ် ၁၂ ရက် နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ပုံပြင်ပြောပြိုင်ပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရရှိစေရန်၊ စာဖတ်သည့်အလေ့အထဖြစ်ပေါ်စေရန်၊ လူအများရှေ့တွင်‌ပြောရဲဆိုရဲသာသတ္တိများရှိလာ‌စေရန်နှင့် အမှား၊   အမှန်ဝေဖန်ပိုင်းခြားတတ်စေရန် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြော ကြားသည်။

ထို့နောက် ပုံပြင်ပြောပြိုင်ပွဲတွင် လုံးလဝီရိယ မောင်လူလှ၊ လောဘကြီးသူရဲ့နိဂုံး၊ ရိုးသားခြင်းရဲ့ဆုလာဒ်စသည့် ခေါင်းစဉ် ၃ ခုဖြင့် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ ၁၂ ဦးတို့က မဲနှိုက်စနစ်ဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယအထူးဆုများရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၇ ဦးတို့အား‌ မြစ်သားမြို့နယ်၊ ကသဲကုန်းကျေးရွာရှိ ရွှေနဂါးဝါး‌ပျော့ဖတ်နှင့်ခဲစက္ကူစက်ရုံတာဝန်ခံအရာရှိမှဆုများရရှိသည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုများ‌ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)