ရန်ကုန် မတ် ၁၄
တိမ်ပင်လယ်ခရီးကြမ်း (Battle Of Taung Hkam) ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲအခမ်းအနားကို မတ်လ ၁၂ ရက်နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ မြဝတီမီဒီယာစင်တာ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့်ဇနီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ အနုပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ တိမ်ပင်လယ်ခရီးကြမ်း (Battle Of Taung Hkam) ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်ကြသည့် အနုပညာရှင်များက တစ်ဦးချင်းမိတ်ဆက်ကြသည်။
ထို့နောက် တိမ်ပင်လယ်ခရီးကြမ်း (Battle Of Taung Hkam) ရုပ်ရှင်ဇာတ်ကား ဒါရိုက်တာ အကယ်ဒမီတင်အောင်စိုး(ပန်းမြို့တော်)က မိတ်ဆက်စကားပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက တိမ်ပင်လယ်ခရီးကြမ်း (Battle Of Taung Hkam) ရုပ်ရှင်ဇာတ်ကားပြသမှုကို ကြည့်ရှုအားပေးကြသည်။
၎င်းနောက် တိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက တိမ်ပင်လယ်ခရီးကြမ်း (Battle Of Taung Hkam) ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်ကြသည့် အနုပညာရှင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။
အဆိုပါ တိမ်ပင်လယ်ခရီးကြမ်း (Battle Of Taung Hkam) ရုပ်ရှင်ဇာတ်ကားကို ရတနာအောင်ရုပ်ရှင် ထုတ်လုပ်ရေးမှထုတ်လုပ်ခဲ့ပြီး ဇာတ်ညွှန်းနှင့်ဒါရိုက်တာ အကယ်ဒမီတင်အောင်စိုး (ပန်းမြို့တော်) ဖြစ်ပြီး အဓိကပါဝင်သရုပ်ဆောင် အနုပညာရှင်များဖြစ်ကြသည့် နက္ခတ်၊ ထူးခန့်ကျော်၊ အောင်ကျော်ထွန်း၊ နေနော်၊ နေလင်းရှိန်၊ စိုးသီဟ၊ နက်ရှိုင်းကို၊ ပိုင်အုပ်စိုးအောင်၊ ခိုင်ဇော်၊ ဉာဏနှင့် မြယာ၊ မြနန္ဒာတို့နှင့်အတူ သရုပ်ဆောင်များစွာပါဝင်ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)