အိမ်မဲမြို့၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာဘာသာရပ်အား ကျောင်းသား/သူ (၁၁၂၇) ဦး ဝင်ရောက်ဖြေဆို

အိမ်မဲ မတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန ၁၀ ခုဖြစ်သော အထက-၁ တွင် ၂၁၅ ဦး အထက-၂ တွင် ၂၀၀ ဦး အထကရွာသစ်တွင် ၁၇၆ ဦး အထက -ကြို့ကုန်းတွင် ၁၇၃ ဦး အထက-တကူဆိပ်တွင် ၉၈ ဦး အထက-ဝါးတလုတ်ကမ်းနီတွင် ၅၉ ဦး အထက- လူကောင်းကျွန်းတွင် ၄၁ ဦး အထက-ကျုံတလုတ်တွင် ၃၇ ဦး အထက-ဘုရားကြီးကုန်းတွင် ၇၃ ဦး၊ အထက-ကြခတ်ကွေ့တွင် ၅၅ ဦးစသည့် စာစစ်ဌာန၁၀ ခုတို့တွင် စုစုပေါင်းကျောင်းသား ကျောင်းသူ ၁၁၂၇ ဦးတို့သည် မတ်လ ၁၁ ရက်နေ့နံနက် ၉ နာရီက မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမှုအတွက် စာစစ်ဌာနအလိုက် STEAMS-1,STEAMS-2 ဘာသာရပ်အလိုက် ဖြေဆိုမှုစာရင်းရှိ ၁၂၁၇ ဦး ရှိသော်လည်း ၉၀ ဦးဖြေဆိုမှု ပျက်ကွက်ခဲ့ပြီး ၁၁၂၇ ဦးသာဖြေဆိုသည့်အတွက် ဖြေဆိုမှု ၉ ဒသမ ၆၀ ရာခိုင်နှုန်းရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ပညာရေးကြီးကြပ်မှုကော်မတီဝင်များ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)