ချောင်းဆုံ မတ် ၁၂
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်နေ့နံနက်(၉)နာရီက (အ.ထ.က)ချောင်းဆုံစာစစ်ဌာန စတင်ဖြေဆိုလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများမှ ပထမနေ့ မြန်မာဘာသာကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုနေမှုအား ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း (၉)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၆) ကျောင်း စုစုပေါင်း (၁၅)ကျောင်းမှ ဝင်ရောက်ဖြေဆိုသူနှင့် ပြင်ပဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၁၉၆)ဦး၊ ကျောင်းသူ (၄၈၁)ဦး စုစုပေါင်း (၆၇၇)ဦး ဖြေဆိုမှု(၉၇.၅၅) ရာခိုင်းနှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြပြီး တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁)ရက်မှ (၁၇)ရက်နေ့အထိ (၆)ရက်ကြာ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုကျော်(ချောင်းဆုံ)