ချောင်းသာ မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် မတ် ၁၁ ရက်နေ့ နံနက် ၉ နာရီက စတင်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ (မြန်မာစာ) ဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၈၀ ရာခိုင်နှုန်းကျော် ရှိကြောင်း သိရှိရသည်။
ချောင်းသာမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုရန် စာရင်းပေးထားသူ ကျောင်းသား(၆၁)ဦး၊ ကျောင်းသူ(၇၄)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၄၁)ဦး၊ ကျောင်းသူ(၇၂)ဦးနှင့် ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား(၂၀)ဦး၊ ကျောင်းသူ(၂)ဦးရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်း ပျော်ရွှင်စွာ ဖြေဆိုနိုင်ရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မျိုးဝင်း(ပြန်/ဆက်)