ငပုဝောာမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၄)ခု တွင် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ (၁၉၀၄) ဦး မြန်မာစာဘာသာရပ်အား အေးချမ်းစွာ စတင်ဖြေဆို

ငပုတော မတ် ၁၂

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်နေ့မှ (၁၇)ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၌ စာစစ်ဌာန(၁၄)ခုဖြင့် ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး မတ် ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာစာဘာသာရပ်အားစတင်‌ဖြေဆိုရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၉၀၄)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း ငပုတောမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ငပုတောမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၄)ခုဖြင့် ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ငပု‌တောမြို့ အ.ထ.က-ငပုတော စာစစ်ဌာနတွင် ကျောင်းသားကျောင်းသူ( ၃၅၉)ဦး၊ အ.ထ.က ကမ်းနီ စာစစ်ဌာနတွင် ကျောင်းသား ကျောင်းသူ (၁၀၈)ဦး ၊ အ.ထ.က ကျောက်ချောင်း စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၁၀၇)ဦး၊ အ.ထ.က ကျုံကူးစာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၁၆၈) ဦး၊ အ.ထ.က ကံချိုင် စာစစ်ဌာနတွင်ကျောင်းသား၊ ကျောင်းသူ (၈၃)ဦး၊ အ.ထ.က ငရုပ်ကောင်း စာစစ်ဌာနတွင် ကျောင်းသား‌၊ ကျောင်းသူ (၁၄၂)ဦး၊ အ.ထ.က ဆင်ကူးကြီး စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ(၁၆၅)ဦး၊ အ.ထ.က ပြင်ခရိုင် စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၁၄၆)ဦး၊ အ.ထ.က တောင်ကလေး စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၁၀၇)ဦး၊ အ.ထ.က မန်ကျည်းပင် စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၁၅၁)ဦး၊ အ.ထ.က ကျောက်ကလပ် စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၉၅)ဦး၊ အ.ထ.က သင်္ကန်းကုန်း စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၁၀၅)ဦး၊ အ.ထ.က ဟိုင်းကြီး စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၁၃၁)ဦး၊ အ.ထ.က အုန်းချောင်း စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၃၇)ဦး၊ စုစုပေါင်း (၁၉၀၄)ဦးဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

ငပုတောမြို့နယ်တွင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ဖြေဆိုန်ုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာမ/ဆရာမများက စိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် လိုအပ်သော ကျောင်းလုံခြုံရေးကိစ္စရပ်များနှင့် ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)