ကန်ကြီးထောင့် မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၀)ခု၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား /ကျောင်းသူ (၁၂၃၆)ဦး မြန်မာစာဘာသာအား မတ် ၁၁ ရက်နေ့နံနက်ပိုင်းက စတင်၍ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်း ၂၀၂၆ ခုနှစ်၊တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပသည့် စာစစ်ဌာန (၁၀)ခုဖြစ်သော အ.ထ.က-ကန်ကြီးထောင့်၊ အ.ထ.က-(စက်၊စိုက်၊မွေး)၊ အ.ထ.က(ဒါးက)၊ အ.ထ.က (ကျိုက်လတ်)၊ အ.ထ.က(ဆပ်ကွင်း)၊ အ.ထ.က(တကုန်းကြီး)၊ အ.ထ.က(ကုလားကွင်း)၊ အ.ထ.က (မြင်းကဆိပ်)၊ အ.ထ.က(ကံရွာ)နှင့် အ.ထ.က(ဝဲကြီး) တို့တွင် စာရင်းရှိ ကျောင်းသား/ ကျောင်းသူ(၁၃၂၀) ဦးရှိသည့်နက် ယနေ့ မြန်မာစာဘာသာအား ဖြေဆိုသူဦးရေ (၁၂၃၆)ဦး၊ ပျက်ကွက်သူဦးရေ(၈၄) ဦးရှိပြီး စုစုပေါင်းဖြေဆိုရာခိုင်နှုန်းမှာ (၉၃.၆၄)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ထိုသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပလျက်ရှိသည့် စာစစ်ဌာနများအား မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်ဗိုလ်မှူးရဲနိုင်လွင်၊ အတွင်းရေးမှူး ရဲမှူး စန်းယုနိုင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေကြားနိုင်ရန် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး စာမေးပွဲကြီးကြပ်ရေးဆရာ/ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စာစစ်ဌာနအလိုက် စောင့်ကြပ်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေကြားနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)