အင်္ဂပူ မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၇)ခုတို့တွင် မတ် ၁၁ ရက်နေ့ နံနက် (၉)နာရီအချိန်မှ စတင်၍ ဖြေဆိုလျက်ရှိသည်။
အင်္ဂပူမြို့နယ်အတွင်းရှိ စာစစ်ဌာန (၇)ခုတို့တွင်စာမေးပွဲဖြေဆိုသူစာရင်းရှိ (၁၄၀၃)ဦးရှိရာ၊ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၅၁၈) ဦး၊ ကျောင်းသူ (၇၉၃)ဦး၊ စုစုပေါင်း(၁၃၁၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ ဖြေဆိုရန်ပျက်ကွက်သူကျောင်းသား (၆၂)ဦး၊ ကျောင်းသူ (၃၀)ဦး၊ စုပေါင်း(၉၂)ဦးပျက်ကွက်ခဲ့ပြီး ဖြေဆိုသူ (၉၃.၄၄)ရာနှုန်းဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၏ စီမံမှုဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မန်းကျော်(ပြန်/ဆက်)