ဓနုဖြူ မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁)ရက်နေ့၊ နံနက် (၉)နာရီအချိန်တွင် စာစစ်ဌာန(၁၀)ခု၌ စတင်၍ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ယနေ့ ပထမနေ့(မြန်မာစာ) ဘာသာရပ်အား ဓနုဖြူမြို့နယ်အတွင်းရှိ စာစစ်ဌာန (၁၀)ခုတို့တွင် စတင်တင်ဖြေဆိုလျက်ရှိပြီး ဓနုဖြူမြို့နယ်တွင် စာမေးပွဲဖြေဆိုသူစာရင်းရှိ (၁၀၇၄)ဦးရှိရာ၊ ယခုဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၄၃၁)ဦး၊ ကျောင်းသူ(၅၅၂)ဦး၊ စုစုပေါင်း(၉၈၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ ဖြေဆိုရန်ပျက်ကွက်သူကျောင်းသား(၆၃)ဦး၊ ကျောင်းသူ(၂၈)ဦး၊ စုပေါင်း(၉၁)ဦး ပျက်ကွက်ခဲ့ပြီး၊ ဖြေဆိုသူရာနှုန်း(၉၁.၅၃)ရာနှုန်း ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးထံမှသိရသည်။
အဆိုပါ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးလှဌေးနှင့် တာဝန်ရှိသူများမှ မြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စာဖြေကျောင်းသား/ ကျောင်းသူ ချီးမြှင့်ပေးအပ်သော ချီးမြှင့်ငွေ (၃၀၀၀ိ/-)ကျပ်အား ကျောင်းသား/ ကျောင်းသူများလက်ဝယ်အရောက် ပေးအပ်ခဲ့သည်။ စာမေးပွဲဖြေဆိုစဥ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပူပေါင်း ပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)