ညောင်တုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ(မြန်မာစာ)ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆို

ညောင်တုန်း မတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ(မြန်မာစာ)ကို မတ် ၁၁ ရက်နေ့ နံနက်၉နာရီက‌ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိသည်။ 

ညောင်တုန်းမြို့နယ်အတွင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁၂)ခု၌ မြန်မာစာ ဖြေဆိုသူဦးရေ (၁၀၀၆)ဦး (၉၁.၂၉)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)