လပွတ္တာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား အေးချမ်းစွာစတင်ဖြေဆို

လပွတ္တာ မတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာန (၈) ခုတို့၌ မတ် ၁၁ ရက်နေ့နံနက် ၉ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများအေးချမ်း‌ပျော်ရွှင်စွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

လပွတ္တာမြို့နယ်တွင် ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန(၈)ခုတို့တွင် မြန်စာဘာသာရပ်ဖြေဆိုမှုစာရင်းရှိ (၁၃၅၈) ဦး ရှိသည့်အနက် (၁၂၅၃)ဦးဖြေဆိုလျက်ရှိပြီး (၁၀၅) ဦး ပျက်ကွက်လျက်ရှိရာ ပျက်ကွက်မှုရာခိုင်နှုန်း ၇.၇၃ ရာခိုင်နှုန်းရှိကြောင်း၊ ၎င်းစာစစ်ဌာစစ်ဌာန(၈)ခုတို့၌ ကျောင်းတွင်ဖြေဆိုရန်(၉၇၁)ဦး၊ ပြင်ပဖြေဆိုရန်(၂၈၂)ဦး ကျောင်းတွင်းနှင့်ပြင်ပဖြေဆိုသူ စုစုပေါင်း(၁၂၅၃)ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း ၉၂.၂၇ ရာခိုင်နှုန်းရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအေး ချမ်းစွာဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးစံရင်‌မော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အတွင်းစည်း၊ အပြင်စည်းဖြင့် အနီးကပ် ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)