ဒေးဒရဲ မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို မတ် ၁၁ ရက်နေ့ နံနက်(၉) နာရီကစတင်၍ မြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား အ.ထ.က(၁)၊ အ.ထ.က(ကျုံဒါး)၊ အ.ထ.က(တော်ကမယ်)နှင့် အ.ထ.က(နောက်ပြန်ဒိုး) စုစုပေါင်းစာစစ်ဌာန(၄)ခုကို စာစစ်ဌာနများအဖြစ် အသုံးပြုလျက်ရှိကြောင်းသိရပြီး တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ကျောင်းသား(၄၃၂)ဦးနှင့် ကျောင်းသူ(၅၆၂) စုစုပေါင်း (၉၉၄)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး မြို့နယ်အတွင်းဖြေဆိုမှု ရာခိုင်နှုန်း (၉၂) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အေဇာလင်း